Events
ကူမင်းမြို့တွင် (၆) ကြိမ်မြောက် တရုတ်- တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်- သွင်းကုန်ပြပွဲ ကျင်းပမည်
Updated At: 2022-09-23 10:21:14
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၃၀-၁၀-၂၀၂၂ ရက်နေ့မှ ၇-၁၁-၂၀၂၂ ရက်နေ့အတွင်း Online, Offline နှစ်မျိုးစလုံးဖြင့်ကျင်းပမည့် (၆) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ် မြောက် တရုတ် (ကူမင်း) ပို့ကုန်-သွင်းကုန်ကုန်စည်ပြပွဲများကို တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်နှင့် တောင်အာရှနိုင်ငံများ၏ ကုန်သွယ်ရေး၊ အာဏာပိုင်များက ပူးပေါင်းကျင်းပမည် ဖြစ်ပါကြောင်း သိရပါသည်။
အဆိုပါ ကုန်စည်ပြပွဲသည် Kunming Dianchi International Convention and Exhibition Center တွင် အဓိကပွဲ ကျင်းပမည့်နေရာဖြစ်သောကြောင့် ကုန်စည်ပြပွဲတွင် Green Energy Pavilion၊ Modern Plateau Agriculture Pavilion၊ Opening-up and Cooperation Pavilion၊ Biomedicine and General Health အပါအဝင် ၎င်း၏ စတုရမ်းမီတာ ၁၃၀,၀၀၀ ရှိ ပြပွဲခန်းမအတွင်း မဏ္ဍာပ် (၁၃) ခုပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။
ယင်းတို့မှာ အစိမ်းရောင်စွမ်းအင်မဏ္ဍာပ်၊ ဖွင့်လှစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမဏ္ဍာပ်၊ ဇီဝဆေးပညာနှင့် ဆေးပညာမဏ္ဍာပ်၊ အဆင့်မြင့် လယ်ယာကုန်ထုတ်လုပ်ငန်းမဏ္ဍာပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးမဏ္ဍာပ်နှင့် 3rd China (Yunnan) International Artificial Intelligence and Smart Life Application တို့အတွက် သီးခြားမဏ္ဍာပ်များ၊ Tourism and Culture Pavilion၊ Electro-mechanics Pavilion၊ China (ကူမင်း) တောင်အာရှနှင့် အရှေ့တောင် အာရှသွင်းကုန် ကုန်စည်ပြပွဲနှင့် ကုန်သွယ်မှုဗဟိုဌာန၊ China Pavilions နှင့် International Pavilions များပါဝင်သော "ထာဝရတရုတ်-တောင်အာရှကုန်စည် ပြပွဲ" တို့ဖြစ်ပါကြောင်း သိရပါသည်။
အွန်လိုင်းပွဲကို www.csa-expo.com မှတစ်ဆင့် တပြိုင်နက်ကျင်းပမည်ဖြစ်သည့်အပြင် ၂၀၂၂ GMS စီးပွားရေးစင်္ကြန် အုပ်ချုပ်ရေးမှူးများဖိုရမ်၊ (၃) ကြိမ်မြောက် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ (၁၀) ကြိမ် မြောက် ယူနန်-တိုင်ပေ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုညီလာခံ အပါအဝင် ဖိုရမ်များနှင့် တိုက်ရိုက်ထုတ်လွှင့်မှုလှုပ်ရှားမှုများ၊ (၁၅) ကြိမ်မြောက် တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်နှင့် (၁၈) ကြိမ်မြောက် အာဆီယံ နိုင်ငံရပ်ခြား တရုတ်လုပ်ငန်းရှင်များညီလာခံကိုလည်း Online နှင့် Offline တွင် တစ်ပြိုင်နက်ကျင်းပမည်ဖြစ်ကြောင်း၊ အလုပ်အမှုဆောင်ကော်မတီ၏ သတ်မှတ်ချက်များနှင့် ပြည်ပမဏ္ဍာပ်များ၏ သီးခြားအစီအစဉ်များနှင့်အညီ လူသစ်စုဆောင်းခြင်းနှင့် ပြပွဲများဖွဲ့စည်းခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025